Wednesday, August 22, 2007

နာရေး ကူညီ ရတာ လွယ်သလား










ရင်ငြိမ်းပန်း ကရုဏာ ဖောင်ဒေးရှင်းတွင် အဓိက ဆောင်ရွက် ရဆုံး အလုပ်ကို ပြောပါ ဆိုလာပါမူ နာရေး ကူညီမှုကို ပြောရ မလိုလို။ မကြာခဏ မြန်မာ ရွှေ့ပြောင်း လုပ်သားများ အပေါ် လူသတ်မှု၊ မုဒိမ်းမှု များကို တစ်လလျှင် အနည်းဆုံး နှစ်ကြိမ်ခန့် ကျူးလွန်လေ့ ရှိသူ ထိုင်းများ၊ တမင် သွေးကွဲအောင် သွေးထိုး လှုံ့ဆော်ခြင်း ခံရ သောကြောင့် ဖြစ်ပေါ် လာသော လူမျိုးရေး မုန်းတီးမှု များကြောင့် ဖြစ်သော မွန်-မြန်မာ ပဋိပက္ခ တို့ကြောင့်လဲ လူသတ်မှုများ ဖြစ်ပွားလေ့ ရှိရာ မည်သူပင် သေစေ ကာမူ လူမျိုး၊ ဘာသာ၊ ကျား၊ မ၊ ရန်သူ၊ မိတ်ဆွေ မရွေး သေသူရဲ့ မြန်မာ ပြည်တွင်း ကျန်ရစ်သူ မိသားစု စိတ်တိုင်းကျ မီး သဂြိုလ်ခြင်း၊ နာရေးကိစများ ကူညီ ဆောင်ရွက် ပေးခြင်း များကို ရင်နင့်စွာ ဆောင်ရွက် ကြရပါသည်။ နာရေး တစ်ခုကိုလည်း သက်ဆိုင်ရာ ဒေသရဲ့ ဓလေ့ ထုံးစံနှင့် အညီသာ မီးသဂြိုလ် ရသဖြင့် ကြုံတွေ့ရသော အခက်အခဲနှင့် ဓလေ့ ထုံးစံများကို ဗဟုသုတ အလို့ငှာ လည်းကောင်း၊ ကရုဏာ မိုးတို့ကို မျှော်လင့် နေသော ပန်းကလေးများကို သတိရ စေခြင်း အလို့ငှာ လည်းကောင်း တင်ပြ လိုက်ရ ပါသည်။

No comments: