Wednesday, August 1, 2007

မြင့်မြတ်ဖြူစင်သော ကရုဏာရှင် အင်အားစုများကို နွေးထွေးစွာ ကြိုဆိုခြင်း



ကျွန်ုပ်တို့ ရင်ငြိမ်းပန်း ကရုဏာ ဖောင်ဒေးရှင်း ကို ဖွဲ့စည်း တည်ထောင် ထားသည်မှာ ၂၀၀၄ ဇန်န၀ါရီ ၁၀ရက်မှ ယနေ့တိုင် ဆိုလျှင် သုံးနှစ် ကျော်ပြီ ဖြစ်ပါသည်။ ဖြတ်သန်း ခဲ့သော သုံးနှစ် ကျော်ကြာ ခရီးတွင် ရွှေ့ပြောင်း မြန်မာ လုပ်သား များ၏ ကျန်းမာရေးနှင့် နာရေး ကူညီမှု များကို အဓိကထား ကူညီ ဆောင်ရွက် ပေးခဲ့ပါသည်။ လူသား တိုင်းတွင် ရှိရင်းစွဲ သနား ကြင်နာ တတ်သော ကရုဏာ နှလုံးသားမှ ယိုဖိတ် စီးဆင်း လာသော တစ်ဘတ် ပေါင်းစုသော မြင့်မြတ်သော ငွေကြေး တို့ဖြင့် ကူညီ ခဲ့ခြင်း ဖြစ်ပါသည်။

ထို့ကြောင့် နှစ်စဉ် မပျက် လှူဒါန်း ကူညီ အားပေး ကြသော စေတနာရှင်များ တရက်၊ တလ၊ တနှစ် လှူဒါန်းပြီး အကြောင်း မညီညွတ်၍ ထွက်သွား ကြသော စေတနာရှင်များ အားလုံးကို ဆင်းရဲ ဒုက္ခ ရောက်ပြီး၊ ရောက်နေဆဲ ဘ၀တူ အလုပ်သမား များမှ ကမ္ဘာ့ လူသားများ အားလုံးနှင့် ထပ်တူထပ်မျှ လေးစား ဦးညွတ်လျက် ကျေးဇူး တသသ အထူး တင်အပ် ပါသည်။

အသင်း၏ ယနေ့ ရပ်တည် ရှင်သန် နေရသော အင်အားသည် အသင်းဝင် ဦးရေ ၂၀၀ ကျော်မျှသာ ရှိသော အင်အားဖြင့် ပရဟိတ လုပ်ငန်း များကို ကြံ့ကြံ့ခံ ကူညီ နေရသည့် ကာလ ဖြစ်ပါသည်။ ကူညီ လိုက်ရ၍ ရရှိ လာသော ပီတိထက် မကူညီ လိုက်ရ၍ လက်ပိုက် နောက်ဆုတ် လိုက်ရသော စိတ်မချမ်းသာမှုက ပိုများ နေပါသည်။

ဤ ကရုဏာ ရာသက်ပန် အသင်းဝင် များသည်လည်း ဆင်းရဲဒုက္ခ ရောက်နေသည့် လူသား အားလုံး၏ မျက်နှာ တစ်ခု ကိုသာ ကြည့်၍ ရန်သူ မိတ်ဆွေ မရွေး၊ လူမျိုး ဘာသာ မရွေး၊ ဆင်းရဲ ချမ်းသာ မရွေး ရှေ့ဆက် ကူညီ လှူဒါန်း သွားရန် သံဓိဌာန် ချထားပြီး ဖြစ်ပါသည်။

ယခုနှစ်တွင် ရင်ဆိုင် ကြုံတွေ့ ရမည့် အကူအညီ လိုအပ်မှု များကိုလည်း အရှိန်အဟုန် မပျက် ဆက်လက် ကူညီ ဆောင်ရွက် သွားရန် ကျွန်ုပ်တို့ အားလုံး အဆင်သင့် ဖြစ်နေပါပြီ။ ကျွန်ုပ်တို့နှင့် လက်တွဲ ပါဝင်ကူညီ ကြပါရန် ဘ၀တူ အလုပ်သမား လူသားများ အားလုံးကို ဖိတ်ခေါ် အပ်ပါသည်။ ကျွန်ုပ်တို့သည် မည်သည့် အသင်း အဖွဲ့ များ၏ လက်အောက်ခံ ဆက်နွှယ်ခံမှ မဟုတ်ဘဲ ဘ၀တူ ရွှေ့ပြောင်း မြန်မာ အလုပ်သမား များဖြင့်သာ ဖွဲ့စည်း ထားသော အသင်း ဖြစ်ပါသည်။
နောက်ဆုံးတစ်ပွင့်
နောက်ဆုံးပွင့်ချပ်
နောက်ဆုံး ၀တ်မှုံ
ကျန်သည် အထိ လောက ကောင်းကျိုး အတွက် ကျွန်ုပ်တို့ ရင်ငြိမ်းပန်း ကလေးများ ကတော့ ဖူးပွင့် လန်းဆန်းလျက် သင်းပျံ့ မွှေးမြသော ရနံ့တို့ကို ဖြန့်ဝေ ပေးနေ မည်မှာ အမှန်ပင် ဖြစ်ပါ တော့သည်။

ဦးကျော်လွင်

No comments: