Wednesday, August 1, 2007

ရင်ငြိမ်းပန်း ဆိုသည်မှာ

ကျွန်ုပ်တို့ နှလုံးသားထဲတွင် ထုထည် ကြီးမားစွာဖြင့် ကိန်းအောင်း နေသော မေတ္တာ ကရုဏာကို အမြင့်မြတ်ဆုံး ဒါန အဖြစ် မွန်းကြပ် နေသော ဘ၀တူ အလုပ်သမား များ၏ အခက်အခဲ၊ ပြည်တွင်းမှ ကျန်ရစ် ခဲ့သော ခိုကိုးရာမဲ့ ဘိုးဘွားတို့၏ ဘ၀၊ မိဘ ခေါ်စရာ မရှိသော ရင်သွေးငယ် တို့၏ အနာဂတ်၊ သေလွန် သွားပြီး ပျဉ်တစ်ချပ် ကုန်းကောက် စရာ မရှိသော ဈာပန၊ စသည့် လိုအပ်ချက် များကို ကျွန်ုပ်တို့၏ ချွေးနှဲစာ များထဲမှ တနေ့လျှင် တစ်ဘတ်၊ တလလျှင် ဘတ် သုံးဆယ်နှုံးဖြင့် တစ်ဦးချင်း အင်အားဖြင့် မဆိုသာ သော်လည်း အများအားဖြင့် စုပေါင်း လိုက်သောအခါ ကြီးမားသော မဟာ ကရုဏာရှင် အဖြစ် အင်အား ပြောင်းလဲ သွားမည် ဖြစ်ပါသည်။
သို့ပါသောကြောင့် အုတ်တစ်ချပ် သဲတစ်ပွင့် အနေဖြင့် တစ်ဦးချင်း မဟာ ကရုဏာရှင် များအဖြစ် ခံယူကြ ပါရန် ကြည်လင် အေးမြသော မေတ္တာ ရှေ့ထားပြီး အသိပေး တိုက်တွန်း အပ်ပါသည်။

• တို့တွေပေးတဲ့ ခြုံစောင်လေးကြောင့်
ဘိုးဘွားနွေးလို့ အိပ်တဲ့အချိန်
• တို့တွေပေးတဲ့ စာအုပ်လေးကြောင့်
ပညာအသိ တိုးတဲ့အချိန်
• တို့တွေကူတဲ့ ဈာပနလေးကြောင့်
ကျန်နေရစ်သူ မျက်ရည်စဲချိန်
• ပီတိမျက်ရည် ရင်မှာသီလို့
တို့များကိုယ်စီ ပေးဝေမည်။

ရင်ငြိမ်းပန်းဆိုသော အမည်မှာ တစ်သီး ပုဂ္ဂလ ပိုင်ဆိုင်သော အမည် မဟုတ်ပါ။ ပန်း ဆိုသည်မှာ မည်သူ့ အပေါ်တွင် မဆို သဘာဝ အတိုင်း သင်းပြန့် မွှေးမြ စေသည်မှာ အမှန်ပင် ဖြစ်ပါသည်။ ထို့အတူ ပန်းကလေး များသဖွယ် လူသား တိုင်း၏ နှလုံးသား များဝယ် လူမျိုး၊ ဘာသာ၊ ရန်သူ၊ မိတ်ဆွေ မရွေး လူသားတိုင်း အပေါ်တွင် သင်းပြန့် မွှေးမြစေသော စေတနာ ကရုဏာ ပန်းကလေးများ ပွင့်လန်း စေချင် ပါသည်။ မိမိ ကိုယ်တိုင်ရဲ့ နှလုံးသား များမှ စေတနာ ကရုဏာ ပန်းကလေး များဖြင့် လူသား များရဲ့ ရင်ထဲမှ အပူမီး များကို ငြိမ်းသတ် အေးချမ်း စေသော ရင်ငြိမ်းပန်း ကလေးများ အဖြစ် လူသားများကို မြင်ချင်လှ ပါသည်။ ထို့ကြောင့် ကမ္ဘာသူ ကမ္ဘာ သားများ အားလုံး ရင်ငြိမ်းပန်း ကလေးများ ဖြစ်ကြပါစေလို့ ဆန္ဒပြု လိုက်ရပါသည်။

No comments: