Monday, August 20, 2007




ထိုင်းနိုင်ငံ မဟာချိုင်ဒေသ ၀ပ်ခွပ်ရပ်ရှိ မြန်မာမှု မြန်မာ့ဟန် မြန်မာ့ ဗိသုကာ လက်ရာနှင့် မဟာ သတိပဌာန သုတ်လာ မဂ်ဖိုလ် ရောက်အောင် သွားရာ လမ်းကြောင်း ဉာဏ်စဉ် ၁၆ပါး စသည့် တို့ကို သင်္ကေတ ၀ါဒဖြင့် တည်ထားတော်မူသော မြန်မာ ရွှေ့ပြောင်းလုပ်သားများရဲ့ ကောင်းမှု ဆုတောင်းပြည့် စေတီ
စေတီတော်ရဲ့ ထီးတော်ကို မန္တလေးမှ ရအောင် ခဲရာခဲဆစ် မှာယူ ပင့်ဆောင်ပြီး မြန်မာကို အလွန် မုန်းသော တိုင်းတပါးတွင် မြန်မာ့မူ မြန်မာ့ ဟန်ဖြင့် စေတီတော်ကို မရ ရအောင် တည်ထား ကိုးကွယ် နိုင်ရန် ကြိုးပမ်းခဲ့ ကြသော မြန်မာ ရွှေ့ပြောင်း လုပ်သား များနှင့် တာဝန်ရှိသူများ၊ အလံ ရွေးချယ် စိုက်ထူ ရာတွင် မြန်မာနိုင်ငံသုံး သာသနာ့အလံ လွှင့်ထူခွင့်နှင့် စပ်လျဉ်းပြီး အဆင် မပြေမှုများ ပြင်းပြင်း ထန်ထန် ဖြစ်ပွားခဲ့ သော်လည်း စေ့စပ် ညှိနှိုင်း ဆွေးနွေး ပေးသော သံဃာတော် အရှင်သူမြတ်များ အားလုံး တို့ရဲ့ ကြိုးပမ်း အားထုတ် မှုကြောင့် ၁၅ရာစု နောက်ပိုင်းတွင် ထိုင်းနိုင်ငံတွင်း တည်ထား ကိုးကွယ်သော ပထမဆုံး မြန်မာ့လက်ရာ စေတီတော် ဖြစ်ပါသည်။

No comments: