Friday, May 23, 2008

နာဂစ် အလွန်


အမေ ဘယ်ရောက်သွားလဲ
အဖေ ဘယ်ရောက်သွားလဲ
အော်... သူတို့သေသွားကြပြီဘဲ...။

ချမ်းလိုက်တာ အမေရယ်...
ဆာလိုက်တာ အဖေရယ်...

အမေနဲ့ အဖေ မရှိတော့ဘူးဆိုတာ သိပါတယ်...
ဒါပေမယ့် အမေနဲ့ အဖေ ကိုဘဲ တစာစာခေါ်နေမိတယ်။
နွေးထွေးပွေ့ချီမဲ့သူ မလာသရွေ့ပေါ့...
အမေနဲ့ အဖေရယ်.....။


Post nagris

Where is ma ma?
Where is pa pa?
Oh! They are died.

It's cool ma ma.
I'm hungry, pa pa.
Ma Ma and pa pa were passed away,
I knew it.

But I'm calling ma ma and pa pa again and again.
Until the saver came.
Oh! ma ma and pa pa....

Kyaw Lwin ,

Wednesday, May 14, 2008

ကြိတ်ကြိတ်ခဲ လူစည်တဲ့ ရွှေတွံတေး ဆရာတော် ဟောတဲ့ မဟာချိုင်က ၂၀၀၈ သင်္ကြန် တရားပွဲ



လူဦးရေ နှစ်ထောင်ကျော်ခန့် လာရောက် တရားနာ ခဲ့ကြတဲ့ ရွှေတွံတေး ဆရာတော်ရဲ့ တရားပွဲဟာ ဆရာတော်က သင်္ကြန် ယောဂီများအတွက် ယောဂီ အကျင့်အကြံ အမှန်အတိုင်း ကျင့်ကြံနိုင်ဖို့ ယောဂီမဟုတ်တဲ့ ယောဂီ အမည်နဲ့ တရားကို ဟောကြား သွားခဲ့ပါတယ်။ တရားနာ ပရိသတ်ကလဲ ရိုသေမှု အပြည့်နဲ့ လေးလေးစားစား အားတက်သရော အင်တိုက်အားတိုက် တရားနာ ခဲ့ကြပါတယ်။

ကြိတ်ကြိတ်ခဲ လူစည်တဲ့ မဟာချိုင်က ၂၀၀၈ မြန်မာသင်္ကြန် တရားစခန်းပွဲ

Monday, April 14, 2008

ကမ္ဘာမြေကြီးရင်ဖွင့်သံ

ချစ်လှစွာသော လူသားများနှင့် များမြောင်လှစွာ၊ သတ္တ၀ါအပေါင်း၊ ကျင်လည်ကျက်စားရာ တောတောင်ရေမြေသစ်ပင် ပန်းမန်တို့အား မြတ်နိုးလှပါ၏။

ကမ္ဘာကြီးအား ကျွန်ုပ်ထမ်းပိုးထားသည်မှာ မည်သည့်အချိန်မှစသည်ကိုသင်တို့ မသိ၊ မည်မျှကြာအောင် ထမ်းပိုးရမည်ကိုလည်း သင်တို့မသိ၊ ကျွန်ုပ်အပြုံးမပျက် ထမ်းပိုးထားပါသည်။

သို့သော် သင်တို့ဒေါသကြောင့် ကြတဲ့သွေးတွေ၊ လောဘကြောင့်ကျတဲ့မျက်ရည်တွေ၊ မတရားဖိနှိပ်ညှင်းပန်းစေခိုင်းလို့ကျတဲ့ ချွေးတွေ၊ ကျွန်ုပ်ပုခုံးပေါ်သို့ နေ့စဉ်နှင့်အမျှကျနေသည်။ သင်တို့ ရင်တွင်းပူလောင်ဝမ်းနည်း ပူဆွေးကြရသလို ကျွန်ုပ်သည်ပူလောင်ပြင်းပြခံစားရပါသည်။

ထို့ကြောင့် တခါတရံ လှုပ်ရှားညဉ်းတွားအမျက်ပွားမိသည် ထပ်ဆင့် ၀မ်းနည်းခြင်းများစွာနဲ့သာ ကြုံတွေ့ကြရသည်။
ကမ္ဘာကြီးတည်ငြိမ်အေးချမ်းရေးအတွက် သင်တို့နှလုံးသားကြားမှကျလာသော မေတ္တာရေကြည်တစ်ပေါက်မျှသာ ကျွန်ုပ်မျှော်လင့်မိတော့သည်။

ထပ်ဆင့်မျှော်လင့်မိတော့ပါသည်။

ကျော်လွင်( ရင်ငြိမ်းပန်း)

Monday, November 12, 2007

ခရိုင်မှူး. နောက်ဆုံးထုတ် အမိန့်အပေါ်ထင်မြင်ချက်များ

ခရိုင်မှူးလက်မှတ်ပါ ၂၆/၁၀/၀၇ ရက်စွဲဖြင့် ထုတ်ပြန် ထားသောအမိန့်ကြော်ငြာတွင် မြန်မာ အပါအ၀င် နိုင်ငံခြားသား အလုပ်သမား များသည် စမွတ်စာခွန် ခရိုင် မဟာချိုင် ဒေသတွင် မြောက် များ စွာ ရောက်ရှိ နေပြီး ထို လူများထဲ တွင်လည်း အလုပ်လုပ်ခွင့် လက်မှတ် (ဘတ်) ရှိသူရော မရှိ သူပါ အထူးသဖြင့် မြန်မာပြည်သား များစွာ ရပ်ကွက် များတွင် ပျံ့နှံ့ နေထိုင်နေ ကြပါသည်၊ ထိုသို့ နေထိုင် မှုကြောင့် နောက်ဆက်တွဲ ပြသနာ အကျိုးဆက်အဖြစ် ကျန်းမာရေး။ နိုင်ငံမဲ့ ကလေးများ။ ဒုစရိုက် မှုခင်းများ။ ဥပဒေ ချိုးဖေါက်မှု များအပြင် ယခုနောက်ဆုံး ရိုးရာယဉ် ကျေးမှု ပွဲတော်များ ကျင်းပ ပြုလုပ် နေကြပြီး သူတို. ယဉ်ကျေးမှု များကို ဖြန့်ဖြူး နေကြ ပါသည်၊ထိုအချက် များမှာ နိုင်ငံတော် တည်ငြိမ်ရေးနှင့် အစိုးရ. ငဲ့ညှာ ထောက်ထားသော အားဖြင့် ခေတ္တခဏ နေထိုင် လုပ်ကိုင်ခွင့် ပေးထားခြင်း ရည်ရွယ်ချက် ကိုလည်း ထိခိုက် စေပါသည်၊
ထို့ကြောင့် အလုပ်ရှင်များ။ အလုပ်ရုံများ အားလုံးသည် မိမိတို့ တာဝန်ယူ ထားသော နိုင်ငံ ခြားသား အလုပ်သမားများ အပြုအမူများကို ဥပဒေနှင့် ကိုက်ညီစွာ လိုက်နာရန် ထိန်းချုပ် တင်းကျပ် ထားရမည်၊ ကျူးလွန် ချိုးဖေါက်ပါက ဥပဒေအရ ပြတ်သားစွာ အရေးယူခြင်း ခံရမည်၊ နိုင်ငံခြားသား အလုပ်သမားများ မည်သည့် အထိမ်းအမှတ် ရိုးရာ ယဉ်ကျေးမှု ပွဲတော် ကိုမှ ဖြန့်ဖြူး ကျင်းပခွင့် ပေးမည် မဟုတ်ပါ၊

စမွတ်စာခွန်ခရိုင်မှူး
နိုင်ဝီရယွတ် အီယမ်အမ်ဖါ


အထက်ပါ စာစုမှာ စမွတ်စာခွန် ခရိုင်မှူး အမိန့်ကြော်ငြာစာကို မြန်မာဘာသာဖြင့် အနီးစပ် ဆုံးဖြစ်အောင် ဘာသာ ပြန်ဆိုထားခြင်း ဖြစ်ပါသည်၊ ထိုစာပါအချက်များနှင့် မြန်မာ အလုပ်သမား နှင့် ဆိုင်သော အခြား အချက်များကို အလုပ်သမား တစ်ဦး အနေဖြင့် ခွဲခြား တင်ပြ သွားပါမယ်၊ ပထမဆုံး မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံအတွင်း ၀င်ရောက် အလုပ် လုပ်ကိုင် ခဲ့တာကို ပြန်ပြီး ကြည့်ရအောင်၊ မြန်မာနိုင်ငံ အတွင်းမှာ အဆင်မပြေ မှုပေါင်း များစွာကြောင့် ရှေးဦးစွာ ထိုင်းနဲ့ နယ်မြေချင်း နီးစပ်နေတဲ့ မွန်။ ကရင်။ ထားဝယ်။ ရှမ်း အစ ရှိတဲ့ ဒေသ များက အချို့ တွေဟာ လွန် ခဲ့တဲ့ ၁၅နှစ်ကျော် ကာလတွေမှာ ၀င်ရောက် အလုပ် လုပ်ကိုင် ခဲ့ကြ ပါတယ်၊ ထိုင်းနိုင်ငံ ဟာလည်း ဖွံ့ဖြိုး တိုးတက် နေတဲ့ အချိန် ကာလ ဖြစ်တာကြောင့် ရေလုပ်ငန်း။ ဆောက်လုပ်ရေး လုပ်ငန်း တွေမှာ လူ အင်အား များစွာ လိုနေချိန်နဲ့ တိုက်ဆိုင်ပြီး အလုပ်တွေအဆင်ပြေခဲ့ကြပါတယ်၊ ဒီထဲက အဆင်မပြေမှုတွေ။ အလိမ်ခံ။အနှိမ်ခံခဲ့ရတာတွေကို မပြောတော့ပဲ ခြုံငုံပြီးဆက်ပြောသွားပါမယ်၊ အဲဒီနောက်မှာတော့ အထက် ဖေါ်ပြပါ မွန်။ကရင် အစရှိတဲ့ဒေသတွေကနေ လူပေါင်း သိန်း ဂဏန်းနဲ့ ချီပြီး အလုပ်သမားတွေ တဖြေးဖြေးဝင် ရောက်လာခဲ့ကြပါတယ်၊ အဲဒါကလည်း အလုပ်သမားလိုအပ်ချက်တွေကြောင့်ပဲဖြစ်ပါတယ်၊ ဘာဖြစ်လို့လဲဆို တော့ ထိုင်းလူမျိုးအများစုဟာ ခက်ခဲကြမ်းတမ်းပြီး လုပ်အားခနည်းတဲ့အလုပ်တွေကို မလုပ်ကြတော့ပဲ သန့်ရှင်း။ သက်သာ။ ပေါ့ပါးတဲ့ အလုပ်တွေကို ပြောင်းလဲလုပ်ကိုင်ကြတဲ့အတွက်ဖြစ်ပါတယ်၊

ကျန်းမာရေးအကြောင်းကိုပြောရရင်တော့ ဒီထိုင်းနိုင်ငံကိုလာကြတဲ့လူတွေဟာ အလုပ်ကြမ်း တွေ လုပ်ရမယ်ဆိုတာ သိပြီးသားပါ၊ ဒါကြောင့်မကျန်းမာတွေလူတွေ မလာကြပါဘူး၊ ဒါ့အပြင် လာရတဲ့ခရီးလမ်းတွေဟာ လဲ ကြမ်းတမ်းခက်ခဲပြီး တောတောင်တွေဖြတ်။ နယ်စပ်ကနေ ကားထဲကြပ် ပိတ်သိပ်ပြီး လာခဲ့ကြရပါတယ်၊ တ ချို့လူတွေဆိုရင် လမ်းခရီးထဲမှာပဲ အသက်ဆုံးရှုံး ခဲ့ရပါတယ်၊ ဒါကြောင့် မကျန်းမာတဲ့ရောဂါသည်မျိုးဆိုရင် ထိုင်းနိုင်ငံထဲရောက်ဖို့ အလွန်ခက်ခဲ လှပါတယ်၊ ထိုင်းအစိုးရအနေနဲ့ မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံ ထဲကို တီဘီ။ငှက်ဖျား။ ဆင်ခြေထောက် အစရှိတဲ့ရောဂါတွေသယ်ဆောင်လာပါတယ်လို့ အစိုးရအဆက်ဆက် စွပ်စွဲ ပြောဆိုလာခဲ့ပါတယ်၊

ကောင်းပြီ။ ဘာကြောင့်မြန်မာအလုပ်သမားတွေမှာ ဒီကူးစက်ရောဂါတွေ တွေ့ကြရပါသလဲ၊ အရင်ဆုံး မြန်မာတွေ ၀င်ရောက်ခဲ့ရပုံတွေကိုပြန်ကြည့်ကြရအောင်၊ မြန်မာအလုပ်သမားတွေဟာ နယ်စပ်ကတော တောင်တွေကို နေ့ညမရွေး လမ်းလျှောက်လာခဲ့ရပါတယ်၊ ဒါ့အပြင် လမ်းကြောင်း မှာ အခြေအနေမကောင်းရင် နှစ်ရက် ကနေ တစ်လ လောက်အထိကြာအောင် တောထဲမှာပဲနေ ရရာစားသောက်ပြီးနေခဲ့ကြရပါတယ်၊ အဲဒီ အချိန်အခါတွေဟာ ငှက်ဖျား အစရှိတဲ့ရောဂါပိုးတွေ ကူးစက်ခံရဖို့ အကောင်းဆုံးအချိန်အခါတွေပါပဲ၊ ထိုင်းနိုင် ငံအထဲကို ရောက်တဲ့အချိန်မှာလည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အခန်းတွေ။ အိမ်တွေမှာ နေထိုင်ခွင့်ရပြီး အစာ အဟာရကောင်းတွေ စားသောက်ရရင်တော့ ကျန်းမာစွာနဲ့ဆက်ပြီးအလုပ်လုပ်နိုင်မှာပါ၊ သို့သော် ကြပ်ပိတ် ပြီး လေ၀င်လေထွက်မရှိတဲ့နေရာ အလုပ်ကြမ်းပြီး နားချိန်နည်းတဲ့အလုပ်တွေ စာနာစိတ်နည်းတဲ့ အလုပ်ရှင်။ ပွဲစားတွေနဲ့ဆုံပြီး အလုပ်မတရားခိုင်းခံထိပြီဆိုရင်တော့ အဲဒီအလုပ်သမားအနေနဲ့ ရောဂါတွေရတော့မှာပေါ့၊

ဆေးကုသမှုခံယူနိုင်ဖို့ဆိုတာကလဲ အလုပ်ရှင်အပေါ်မှာအများကြီးမူတည်နေပါသေးတယ်၊ ထားပါတော့ ဒီနေရာမှာ အကျယ်ချဲ့နေရင် စာမျက်နှာတွေတိုးသွားနိုင်တယ်။ နောက်မှပဲ ဒီအကြောင်းကိုထပ်တင်ပြသွားပါ မယ်၊ မြန်မာတွေကသယ်ဆောင်လာတဲ့ ရောဂါဆိုတာတွေဟာ ဆေးကုသလို့ရပါသေးတယ်၊ လူမှုပတ်ဝန်းကျင် ကိုများစွာထိခိုက်မှုမရှိနိုင်ပါဘူး၊ ဒီစမွတ်စာခွန် ခရိုင်(မဟာချိုင်)မှာဆိုရင် ငှက်ဖျားရောဂါပိုးကူးစေတတ်တဲ့ ခြင် လုံးဝလုံးဝမရှိပါဘူး၊ ဒါပေမယ့် ထိုင်းနိုင်ငံကနေ မြန်မာအလုပ်သမားတွေဆီကို ကူးစက်ခံလိုက်ရတဲ့ အိတ်ခ်ျအိုင် ဗွီအေအိုင်ဒီအက်စ် ရောဂါကတော့ ကုရာနတ္ထိဆေးမရှိ ပဲ၊ ဘယ်သူတွေကပိုပြီးနစ်နာလဲ စဉ်းစားကြည့်ပါ၊ နောက်ထပ် ပြောချင်တာက အဲဒီအေအိုင်ဒီအက်စ်ရောဂါကို ထိုင်းနိုင်ငံထဲသယ်လာတဲ့ ဥရောပ။အမေရိကနိုင်ငံ တွေကိုတော့ ဘယ်ထိုင်းအစိုးရကမှ အပြစ်ပြောသံမကြားရသေးဘူး၊ မပြောရဲတာပဲလား။ ကျုပ်ရဲ့ဗဟုသုတ နည်းတာလားတော့မသိဘူးဗျို့၊

ကဲဒုစရိုက်မှုတွေ။ မူးယစ်ဆေးဝါးတွေဘက်ကိုလှည့်ကြရအောင်၊ ကျုပ်တို့ မဟာချိုင်မှာ ထိုင်းတွေရဲ့လု ယက်စော်ကားမှုတွေပဲ မြန်မာတွေက နေ့စဉ်နဲ့အမျှခံနေကြရတာပါ၊ မြန်မာတွေက ထိုင်းတွေကို လုယက်စော်ကားဖို့ဆိုတာ မရှိသလောက်နည်းပါတယ်၊ ရာဇ၀တ်မှတ်တမ်းတွေမှာလဲ ပြန်ရှာကြည့်ပါ၊ အထူးသဖြင့် မြန် မာတွေက အိမ်ရှင်နိုင်ငံသားနဲ့ ဘယ်တော့မှ ရန်ပြိုင်ဖြစ်ဖို့ မပြုလုပ်ခဲ့ပါဘူး၊ နိုင်ငံတကာဘော်လုံးပွဲတွေမှာ တောင် အိမ်ရှင်။ဧည့်သည် ယှဉ်လို့မရပါဘူး၊ မြန်မာအချင်းချင်းသာ ရန်ဖြစ်မှုတွေ။ သတ်ဖြတ်မှု တွေရှိပါတယ်၊ နောက်ပြီး မြန်မာနိုင်ငံ သားတွေဟာ အလုပ်လာလုပ်ဖို့ဆိုတဲ့ ဦးတည်ချက်ပြတ်ပြတ်သားသားရှိပြီးသားပါ၊ ဒါ ကြောင့် ယုတ္တိ မရှိတဲ့စွပ်စွဲချက်တွေကို ပြန်စဉ်းစားဖို့လိုအပ်ပါပြီ၊ မူးယစ်ဆေးဆိုရင်လည်း အဓိကဖြစ်တဲ့ ယာဘ ခေါ် မြင်းဆေးခေါ် စိတ်ကြွဆေးတွေ ပျံ့နှံ့နေရတာ မြန်မာ ပြည်သားကြောင့် လို့ ပြောဖို့ ခက်ပါတယ်၊ မြန်မာပြည်သားတွေဟာ အလုပ်လုပ်ခွင့်လက်မှတ်(ဘတ်)ရှိတဲ့သူတွေတောင်မှ ထိုင်း နိုင်ငံ အနှံ့အပြား ခရီးသွားလာခွင့်မရှိ ပါဘူး၊ မြန်မာတွေကြောင့်လို့ပြောရင် ယုတ္တိမရှိပဲ အရမ်း ကာရော စွပ်စွဲမှုတွေသာဖြစ်ပါတယ်၊

နောက်တစ်ခုအဆိုးဆုံးက ရိုးရာယဉ်ကျေးမှုတွေနဲ့ပက်သတ်ပြီး စွပ်စွဲပြောဆို ထား တာ တွေဖြစ်ပါတယ်၊ မြန်မာတွေရဲ့ယဉ်ကျေးမှု။ ထိုင်းတွေရဲ့ယဉ်ကျေးမှု အားလုံးဟာ ဗုဒ္ဓဘာသာ ကို အခြေခံပြီး ပေါ်ပေါက်လာတာဖြစ် ပါတယ်၊ သေသေချာချာ ပြန်ဆန်းစစ်ကြည့်ရင် အားလုံးနီးပါး တူညီနေပါတယ်၊ မြန်မာအလုပ်သမားတွေ ထိုင်းနိုင်ငံထဲမှာ စုပေါင်းကျင်းပတဲ့ ယဉ်ကျေးမှုပွဲတော် တွေဟာ ဘာတွေလဲ၊ နှစ်ကူးသင်္ကြန်ပွဲ။ ၀ါဆိုပွဲ။ ၀ါကျွတ်ပွဲ။ ကထိန်ပွဲ ဒါတွေပဲရှိပါတယ်၊ အဲဒီ ပွဲတွေအားလုံး ထိုင်းရိုးရာယဉ်ကျေးမှုမှာကိုက ရှိပြီးသားတွေပါ၊မြန်မာပြည် သား သိန်းဂဏန်း နဲ့ရှိ နေ တဲ့ ဒီမဟာချိုင်မှာ ကုသိုလ်ရေး ပွဲတော်တွေ ကျင်းပ ပြုလုပ်တာ ကောင်းသလား။ ဆိုးသ လား၊ နိုင်ငံတော်တည်ငြိမ်ရေး ထိခိုက်နိုင်တယ်ဆိုတာ ဘာကြောင့်ပါလဲ၊ သေချာတာကတော့ အလှူပွဲ တွေကို ပိတ်ပင်တယ်ဆိုတာကတော့ လူ့ယဉ်ကျေးမှုအရကို တော်တော်လေးဆိုးနေပါပြီ၊ ဘာသာ ရေး ရှုဒေါင့်ကနေ ကြည့်ရင်တော့ မတွေးရဲစရာပါပဲ၊ သြော် သန်းရွှေလိုလူမျိုး ထိုင်းမှာလည်း ရှိသေး ပါလားလို့ အံ့သြမိပါတယ်၊ နောက်တစ်ခုက ကိုးကွယ်မှုချင်း။ ယဉ်ကျေးမှုချင်း မတူညီတဲ့ တရုတ် ရိုးရာပွဲတွေ။ ဥရောပရိုးရာ ဟော်လိုဝင်းခေါ် တစ္ဆေပွဲတွေ အစရှိသဖြင့် တစ်နိုင်ငံလုံးအနှံ့လုပ်နေပြီး ဗုဒ္ဓဘာသာအချင်းချင်းပိတ်ပင်မှုဟာလည်း ဆက်ပြောဖို့ ကို မပြောချင်တော့ပါဘူးလေ၊

အားလုံးကိုခြုံငုံပြီး ပြန်လည်သုံးသပ်ရင်တော့ ထိုင်းနိုင်ငံထဲမှာ မြန်မာအလုပ်သမားတွေ ရှိနေ ရတာဟာ ထိုင်းစီးပွါးရေးအတွက် အဓိကအချက်ထဲမှာပါပါတယ်၊ နှစ်ဦးနှစ်ဖက် အပြန်အလှန် အ ကျိုး ရှိတယ် ဆိုတာကို ရဲရဲလက်ခံနိုင်ရ ပါမယ်၊ သေသေချာချာတွက်ရင် ထိုင်းနိုင်ငံက ပိုပြီးအကျိုး အမြတ် ရပါတယ်၊ ဒါကိုလစ်လျူရှုပြီး မြန်မာအလုပ် သမားတွေကို တစ်ဖက်သတ်ဖိနှိပ်မယ်ဆိုရင် နောင်အနာဂတ်မှာ ဆိုးကျိုးတွေများစွာဖြစ်လာနိုင်ပါတယ်၊ အထူးသဖြင့် မြန်မာအလုပ်သမားတွေ အတွက် ကောင်းမွန်တဲ့စိတ်ထွက်ပေါက်ဖြစ်တဲ့ ဘာသာရေးပွဲတော်တွေ ပိတ်ပင်ခြင်းဟာ ဘယ်လို မှလက်ခံနိုင်စရာမရှိပါဘူး၊ ထိုင်းနိုင်ငံမှာ လူသားဆန်တဲ့ ယဉ်ကျေးတဲ့ လူတော်လူ ကောင်းတွေ အများကြီးပါပဲ၊ ထိုင်းနိုင်ငံယဉ်ကျေးမှုဝန်ကြီးကိုယ်တိုင်က ဘာသာရေးကိုအခြေခံပြီး မြန်မာအလုပ် သမားပြသနာတွေဖြေရှင်းဖို့ ပြောကြားသွားပါတယ်၊ ၂၉/၁၀/၂၀၀၇ ရက်စွဲနဲ့ နယ်အိုန အမည်ရ သတင်း ၀က်ဘ်ဆိုဒ်မှာရှိပါတယ်၊ လိပ်စာကိုအောက်မှာဖေါ်ပြသွားပါမယ်၊ အဲဒီလို ထိုင်းလူယဉ်ကျေး တွေရဲ့ လေးစား ဖွယ်ရာတွေကိုထောက်ထားပြီး ပြင်းပြင်းထန်ထန် မပြောတော့ပါဘူး၊ ဒါပေမယ့် ထိုင်းလူမျိုးများ အလေးထားပြီး စဉ်းစားစေချင်တာကတော့ မြန်မာ။လော။ကမ်ပူးချား ဗုဒ္ဓဘာသာ အိမ်နီးချင်း နိုင်ငံသားတွေနဲ့ ဆက်ဆံရာမှာ ပြေ ပြစ်မှုတွေ လျော့နည်းနေတာ ဘာကြောာင့်လဲ။ ဘာတွေ ပြင်ဆင်သင့်သလဲ ဆိုတာတွေပါ၊ အနာဂတ်ကာလမှာ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင် သွားဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့လိုအပ်ကြောင်း တင်ပြရင်းနဲ့ ခေတ္တရပ် နားပါဦးမယ်၊ ထိုင်းယဉ်ကျေးမှုဝန်ကြီးပြောကြားချက်သတင်းပါတဲ့လိပ်စာကတော့

http//www.naewna.com