Wednesday, August 22, 2007

အခြား အသင်းအဖွဲ့များနှင့်လည်း ရင်းရင်းနှီးနှီး ခင်ခင်မင်မင်



ပြီးခဲ့သည့် ကရင်ရိုးရာ လက်ကောက်ဝတ်တွင် ချည်ဖြူဖွဲ့ အခမ်းအနား အမှတ်တရ

သည်အခမ်းအနားကို ဘောလုံးကွင်းအတွင်း ကျင်းပခွင့်တောင်းခံရာ ဒေသခံ ထိုင်းရဲက လူ ၂၀၀ တက်ရောက် မည်ဟု စာရင်းပေးသောကြောင့် ကျင်းပခွင့် ပြုခဲ့သော်လည်း ရိုးရာပွဲကို မဖြစ်မနေ တက်ချင် လှသော ကရင် လူမျိုးများ သောင်းနှင့်ချီပြီး တက်ရောက် ခဲ့ကြရာ ဒေသခံရဲမှ မည်သို့ ပြုရမည်ကို မသိနိုင်အောင် အကြပ်ရိုက် သွားခဲ့သည်။ မမျှော်လင့်ဘဲ တဆင့် ကြားဖြင့် တက်ရောက် လာသော ပရိသတ်ကြောင့် ပွဲစီစဉ်သူ များလည်း လူများလွန်း သောကြောင့် ပွဲမထိန်း နိုင်တော့ဘဲ ရှိနေ ခဲ့သည်။ ထိုအခါ နေရာ အတွက် တိုးဝှေ့ရင်း အချင်းများ ရန်ဖြစ်ကြ တော့မှ အကြောင်းရှာ နေသော ထိုင်းရဲက ထိုင်းစစ်တပ်ကို အကြောင်းကြားပြီး ထိုလူအုပ်ကြီးကို အတင်း ၀င်ရောက် ဖမ်းဆီးခဲ့လေသည်။ လူသောင်းနဲ့ချီ ရှိနေသော လူအုပ်ကို စစ်တပ်နဲ့ ရဲတို့ ညှပ်ပိတ်ကာ ဖမ်းသော်လည်း အပြေးကောင်းလှ၊ အရှောင်မြန်လှသော ရွှေပွဲလာ ပရိသတ်ကို ထိုင်းများ လက်ဖျားခါ ကြရ လေသည်။ ဖမ်းဆီးခံရသူ ရာ ဂဏန်းသော အလုပ်သမားများ ထဲမှ အလုပ်သမား လက်မှတ် ရှိသူများကို အလုပ်ရှင် များက ပြန်လည် ရွေးယူ ကြပြီး အလုပ်သမား လက်မှတ် မရှိသူများကို မြန်မာဘက် ကမ်းသို့ ပြန်ပို့ခဲ့ လေသည်။

No comments: