Wednesday, August 22, 2007

ရင်ငြိမ်းပန်း စာပေပျိုးခင်း



အ လိမ္မာ စာမှာ ရှိ ဆိုသည့် အတိုင်း မြန်မာနိုင်ငံရဲ့ နယ်ပယ် အသီးသီးမှ လာရောက် အလုပ် လုပ်ကိုင် နေကြ သော ရွှေ့ပြောင်း မြန်မာ လုပ်သားများ တိုင်းတပါးတွင် အလုပ် လုပ်နေစဉ် ပိုမို လိမ္မာ ပါးနပ် လာစေရန် လည်း ကောင်း၊ အသိအမြင် ပိုမို ပွင့်လင်း လာစေရန် လည်းကောင်း၊ မြန်မာ့စာပေ ယဉ်ကျေးမှုနဲ့ အလှမ်းဝေကွာ မသွား စေရန် လည်းကောင်း၊ မိဘ ဆွေမျိုးတို့နဲ့ ခွဲခွာပြီး တိုင်းတပါးတွင် ပင်ပင်ပန်းပန်း အလုပ် လုပ်နေ ကြရ သော မြန်မာများ သင့်လျော် ကောင်းမြတ်သော စိတ် ဖျော်ဖြေမှု ရစေရန် လည်းကောင်း၊ ကောင်းကျိုး အားလုံး ကို ရည်မျှော်လျက် သည် စာကြည့်တိုက် အသေးစားလေးကို မြန်မာကျောင်းသားများရဲ့ ပညာရပ် ဆိုင်ရာ စာအုပ် လှူဒါန်းမှု၊ စေတနာရှင်များရဲ့ လှူဒါန်းမှုများဖြင့် စတင် တည်ထောင် ခဲ့နိုင် ပါသည်။ ယခုအခါ စာဖတ်သူ ပိုမို များပြားလာသည်နှင့်အမျှ စာအုပ် လိုအပ်ချက် ပိုမို များပြားလာသဖြင့် အလှူရှင်များ ကို ထပ်မံ ဖိတ်ခေါ် ပါသည်။ အနှစ်သာရ နှင့် အကျိုး ရှိသော စာအုပ်ကို လှူခြင်းသည် ပညာကို လှူရာ ရောက်ပါသည်။ ပညာကို လှူခြင်းသည် လောကတွင် ကောင်းကျိုး ဆိုးပြစ်ကို သင်ကြား ပြသရာ ရောက်သဖြင့် တရားသဖြင့် နေထိုင် ကျင့်ကြံသူ လူကောင်း လူတော် များစွာ ပေါ်ပေါက်အောင် မြေတောင် မြှောက်ရာ ရောက်ပါသည်။ စာအုပ် လှူခြင်း ဖြင့် အမျိုးကို မြှင့်တင် ပေးနိုင် ကြပါစေ။

ပညာလှူက လုံးစုံရ

No comments: