Wednesday, August 22, 2007

ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုများ




အနော်ရထာ မင်းစော သည် ဘာသာရေးအတွက် ဗုဒ္ဓဘာသာကို ကိုးကွယ်စေခဲ့ရာ ပြည်သူများ နှလုံးစိတ်ဝမ်း နူးညံ့ ကြသည် ဖြစ်သောကြောင့် လူကောင်း များသော တိုင်းပြည်ကို အုပ်ချုပ် ရသည်မှာ တိုးတက်မှု မြန်ခဲ့ ကြောင်း ကျန်စစ်သားမင်း၊ အလောင်းစည်သူမင်း တို့လက်ထက် တိုးတက်မှုနှင့် အနော်ရထာမင်း လက်ထက် တိုးတက်မှု တို့ကို နှိုင်းယှဉ် ခြင်းဖြင့် သိနိုင် လေသည်။ လူကောင်းများ ၀ါးအစည်းပြေသလို ဖြစ်နေပါက နွားကွဲ ကျားကိုက် ဆိုသည့်အတိုင်း သူတပါး တိုင်းပြည်တွင် နေထိုင်ရင်း အလုပ်လုပ်ကိုင်ရသည်မှာ အန္တရယ် များလှ သည် ဖြစ်ရာ မြန်မာရွှေ့ပြောင်းလုပ်သားများ ဘာသာရေး ပိုမို ကိုင်းရှိုင်းစေရန်၊ အိမ်လွမ်းစိတ်နဲ့ အားငယ်စိတ် တို့ကို ဘာသာရေးဖြင့် ဖြေဖျောက် နိုင်စေရန်၊ အချင်းချင်း ပိုမို စည်းလုံးစွာ နေထိုင်တတ် စေရန် အခွင့်အလမ်း ဖန်တီး ပေးသော အားဖြင့် ဘာသာရေး ဆိုင်ရာ လှုပ်ရှားမှုများကို ရင်ငြိမ်းပန်း အသင်းမှ ဦးဆောင်ပြီး မကြာခဏ ပြုလုပ်ခဲ့ပါသည်။

No comments: