Monday, April 14, 2008

ကမ္ဘာမြေကြီးရင်ဖွင့်သံ

ချစ်လှစွာသော လူသားများနှင့် များမြောင်လှစွာ၊ သတ္တ၀ါအပေါင်း၊ ကျင်လည်ကျက်စားရာ တောတောင်ရေမြေသစ်ပင် ပန်းမန်တို့အား မြတ်နိုးလှပါ၏။

ကမ္ဘာကြီးအား ကျွန်ုပ်ထမ်းပိုးထားသည်မှာ မည်သည့်အချိန်မှစသည်ကိုသင်တို့ မသိ၊ မည်မျှကြာအောင် ထမ်းပိုးရမည်ကိုလည်း သင်တို့မသိ၊ ကျွန်ုပ်အပြုံးမပျက် ထမ်းပိုးထားပါသည်။

သို့သော် သင်တို့ဒေါသကြောင့် ကြတဲ့သွေးတွေ၊ လောဘကြောင့်ကျတဲ့မျက်ရည်တွေ၊ မတရားဖိနှိပ်ညှင်းပန်းစေခိုင်းလို့ကျတဲ့ ချွေးတွေ၊ ကျွန်ုပ်ပုခုံးပေါ်သို့ နေ့စဉ်နှင့်အမျှကျနေသည်။ သင်တို့ ရင်တွင်းပူလောင်ဝမ်းနည်း ပူဆွေးကြရသလို ကျွန်ုပ်သည်ပူလောင်ပြင်းပြခံစားရပါသည်။

ထို့ကြောင့် တခါတရံ လှုပ်ရှားညဉ်းတွားအမျက်ပွားမိသည် ထပ်ဆင့် ၀မ်းနည်းခြင်းများစွာနဲ့သာ ကြုံတွေ့ကြရသည်။
ကမ္ဘာကြီးတည်ငြိမ်အေးချမ်းရေးအတွက် သင်တို့နှလုံးသားကြားမှကျလာသော မေတ္တာရေကြည်တစ်ပေါက်မျှသာ ကျွန်ုပ်မျှော်လင့်မိတော့သည်။

ထပ်ဆင့်မျှော်လင့်မိတော့ပါသည်။

ကျော်လွင်( ရင်ငြိမ်းပန်း)

1 comment:

မြိတ်သား said...

ဦးကျော်ရေး ဒီစာပိုဒ်လေးကိုကျွန်တော်ကိုယ်တိုင် ကွန်ပျူတာစာစီပေးခဲ့ရသူမို့ ယနေ့တိုင်မေ့မရသေးတဲ့ စာပိုဒ်လေးတစ်ခုပါ ... အရမ်းကိုကြိုက်ခဲ့တယ် .... ဒီစာသာလေးအတိုင်းဘဲ .... ရင်ငြိမ်းပန်းဟာလဲ ... ကမ္ဘာမြေကြီးရဲ့ ရင်ဖွင့်သံမဟုတ်ပေမဲ့ ... ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ရင်ဖွင့်သံကလေးတော့ဖြစ်ပါတယ် .....